当前时间:2018年06月17日 星期日 16:02:31
瑞丽市景颇大地翡翠文化交流中心-北方联盟阵线> > 浏览
KNDF克伦邦战报
0 northernalliance 2023年05月25日

    

    在德莫索东部、克伦尼邦、梅克汗、 5 月 24 日克伦尼邦克伦尼国防军 (KNDF) 昨晚宣布,在 5 月 14 日至 23 日于 Die Mosso 镇东部发生的为期 9 天的战斗中,近 40 名军事委员会成员丧生。在那场战斗中,包括1名军事委员会上尉和2名军事委员会中尉在内的近40名军事委员会成员阵亡,2名军事委员会士兵被KNDF活捉。此外,MA-1(8)在战斗中来自军事委员会部队。 MA-2(1)手MA-3 (3) MA-4 (1) 9女式手枪 (1) RPG (2) 及相关弹药;通讯设备;军队KNDF 声明称,大量的三间宿舍也被没收。那只愤怒的猫,声明说,在附近村庄山区的战斗中,有 7 名 KNDF 士兵和 1 名 KA 克伦尼军士兵为革命牺牲。克伦尼邦5月14日,克伦尼军队反击了从迪莫索镇东部塔涅拉勒村山区向多克拉库村山侧进军的军事委员会部队。军事委员会的部队在Doklaykhu村东侧遭到猛烈反攻,军事委员会伤亡惨重。KNDF 说,他们逐渐撤退到 Nye Lae 村的东部山脊。军事委员会部队一直被克伦尼军队追击,直到今天。此外,带领军事委员会部队的营长和一名临时营长以非人的命令强制前进,并迫使在战斗中受伤并撤退的后退部队根本不允许后退。 KNDF 声明。韩国国防军还表示,他们希望军事委员会的家属了解年轻官兵在地面战斗中被迫牺牲的情况。正确的在战争委员会的 Loiko 期间, Ngtaung和Phruso基地的部队每天都使用重型武器提供支援,喷气式战斗机总共轰炸和射击至少60次。因此,KNDF 敦促公众尽可能避免穿过发生战斗的地区。 CJ - 002 #MeKongNews #KNDF

ကရင်နီပြည်နယ်ဒီးမော့ဆို အရှေ့ဘက်ခြမ်း တိုက်ပွဲ ၉ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၄၀ နီးပါး သေဆုံး


မဲခါင်၊ မေ ၂၄ 

 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မေလ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ

ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။


အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး ဗိုလ်အဆင့်ရှိသူ ၂ ဦး အပါအဝင် စစ်ကောင်စီဘက်က၄၀ နီးပါးသေဆုံးတဲ့အပြင် စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း KNDFက အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


အဲ့ဒါအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4

(၁)လက်၊ 9 မမ ပစ္စတို (၁)လက်၊ RPG (၂)လက် နဲ့ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ စစ်အသုံးအဆောင်အမြောက်အများကိုလည်း သိမ်းစည်းရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


အဲ့ဒီ ဒေါလျားခူ၊ တနီးလာလဲ ကျေးရွာများရဲ့ တောင်ပေါ်တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် ၇ ဦး KA ကရင်နီတပ်မတော်မှ ၁ ဦးလည်း တော်လှန်ရေးအတွက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ

ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို မေလ (၁၄)ရက်နေ့မှစပြီး ကရင်နီပူးပေါင်းတပ်များက တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အဲ့လို စစ်ကောင်စီတပ်ဖွဲ့များကို ဒေါလျားခူကျေးရွာရဲ့ အရှေ့ဖက်တောင်ပေါ်မှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီမှ အထိနာကာ အထိအခိုက်များစွာနဲ့ တနီးလာလဲကျေးရွာရဲ့ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်းဆုတ်ခွာခဲ့တယ်လို့ KNDF က ပြောပါတယ်။


အဲ့ဒီ စစ်ကောင်စီတပ်တွေကို ဒီကနေ့အထိ ကရင်နီပူးပေါင်းတပ်များက လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိပါတယ်။


အဲ့ဒါအပြင် စစ်ကောင်စီတပ်တွေကို ဦးဆောင်နေတဲ့ တပ်ရင်းမှူး နဲ့ ယာယီတပ်ရင်းမှူးတစ်ဦးတို့ဟာ

တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာများနဲ့ ပြန်ပေး ဆုတ်ခွာလာကြတဲ့ တပ်ဖွဲ့ဝင်တွေကို လုံးဝဆုတ်ခွာခွင့်မပေးဘဲ လူသားမဆန်တဲ့ အမိန့်အာဏာများနဲ့

အတင်းအကြပ်ရှေ့ကို ဆက်တက်ခိုင်းခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲ့ဒီလို အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲတွေအတွင်းငယ်သားဗိုလ် နဲ့ တပ်သားများကို အသေခံခိုင်းနေတဲ့ အခြေအနေတွေကို စစ်ကောင်စီရဲ့ သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများတွေကို သိစေချင်တယ်လို့လည်းKNDF ကဆိုပါတယ်။


တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လွိုင်ကော်၊ ငွေတောင် နဲ့ ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များနဲ့ အကြိမ် ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲတာ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။


ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတွေကို ဖြတ်သန်းသွားလာတာတွေ တတ်နိုင်သမျှ မပြုလုပ်ရန်လည်း KNDF က တိုက်တွန်းထားပါတယ်။


CJ - 002

#MeKongNews 

#KNDF


文章点评
下级分类
关注我们