当前时间:2018年06月17日 星期日 16:02:31
瑞丽市景颇大地翡翠文化交流中心-北方联盟阵线> > 浏览
333
0 northernalliance 2019年03月15日

ခုနှစ်၊


နှင်


အပြင်းထန်ဆုံး တိုက်ပွဲသတင်းများ



ထို့အတူ ယမန်နေ့က မိမိတို့သိမ်းပိုက်ရရှိခဲ့သော ယာယီဗျူာကုန်းပတ်ဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှတိုင် (၆၆) နှင့် (၆၇) (BP- 66 , BP-67) ပတ်ဝန်းကျင်များသို့ ဟတ်စကီး(၂)စီးသည် ရော့ကတ်များ၊ စက်သေနတ်များဖြင့် နေ့လည် (၂) နာရီ (၅၅) မိနစ်တွင် နာရီဝက်ခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင်,၎င်းနေရာများသို့ လက်နက်ကြီးများကိုလည်း တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ “ဗုဒ္ဓေါရွာ” အနောက်ဖက်တောင်တန်းပေါ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည် မှာ မတ်လ(၇) ရက်မှစတင်ပြီး ယနေ့မတ်လ(၁၄) ရက်နေ့တွင်လည်း ရက်ဆက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိသည်။ မတ်လ(၈) ရက်နေ့မှလွဲ၍ ယနေ့မတ်လ(၁၄) ရက်နေ့အထိ ခုနစ်ရက်မြောက်တိုက်ပွဲအဖြစ် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ (မတ်လ (၇၊၉၊၁၀၊၁၁၊၁၂၊၁၃၊၁၄) ရက်နေ့များ)

ဗမာလက်နက်ကိုင်တပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့ ပါလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်နေခြင်းများကြောင့် ကျေးရွာများအနီးကျရောက်ပေါက်ကွဲမှုများရှိခဲ့ သည်။

မတ်လ(၉)ရက်နေ့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံသော သုံ့ပန်း (၁၁) ဦးကို နိုင်ငံတကာ သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ

စောင့်ရှောက်ထားသည်။ သုံ့ပန်း (၁၁) ဦးတွင် (၇) ဦးမှာ ၎င်းယာယီဗျူဟာ ကုန်းတွင် ဗမာလက်နက်ကိုင်တပ်မှခေါ်ထားသော မြိုလူမျိုး (၇) ဦးဖြစ်ပြီး ကျန်လေးဦးမှာ ဗိုလ်မှူးချုပ် မောင်မောင်မြင့် (နေပြည်တော်) ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ဆက်သွယ်ရေးတပ်နှင့် မြေတိုင်းဦးစီးဌာနမှ ဖြစ်သည်။ (လောလောဆယ်သုံ့ပန်းများ၏ပြောကြားချက်အရသာဖြစ်ပြီး အသေးစိပ်အချက်အလက်များကို ထပ်မံမေးမြန်းစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါသည်)

ပုဏ္ဏားကျွန်းမြို့နယ်၊“ဗုဒ္ဓေါရွာ”အနောက်ဖက်တောင်တန်းများပေါ်တွင်ဖြစ်ပွားလျက်ရှိနေဆဲတိုက်ပွဲများ              အတွင်းမှ              အောက်ပါစစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရ မိခဲ့သည်။

(၁) MA-1 (၁) လက်

(၂) MA-3 (၂) လက်

(၃) MA-1/MA-3 ကျည်ဘောက် (၅) ဘောက်

(၄) MA-1/MA-3 ကျည်ဆံ (၁၀၂) တောင့်

(၅) BA.U Pistol (၁) လက်

(၆) BA.U Pistol ကျည် (၁၉) တောင့်

(၇) BA.U Pistol ကျည်ဘောက် (၂) ခု

(၈) Motorola စကားပြောစက် (၁) လုံး

(၉) HYT စကားပြောစက် (၁) လုံး တို့ဖြစ်ကြသည်။ ထို့အပြင် ဗမာလက်နက်ကိုင်တပ်သည် လူအင်အား၊ လက်နက်အင်အားများကို ရခိုင်ပြည်ပြင်ပမှနေ၍ ထပ်မံပို့ဆောင်နေသောကြောင့် ရခိုင်ပြည်အတွင်း

နောက်ထပ်တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖွယ်ရှိသည့် အပြင် တိုက်ပွဲဧရိယာများသည်လည်း ယခုထက်ပိုမိုကျယ်ပြန့်လာနိုင်ဖွယ်ရှိနေသည်။

မိမိတို့အနေဖြင့်လည်း စစ်ရာဇဝတ်ကောင်နယ်ချဲ့ဗမာလက်နက်ကိုင်တပ်၏ မည်သည့်ထိုးစစ်ကိုမဆို မိမိတို့နှင့် ထပ်တူဆန္ဒရှိသော ရခိုင်ပြည်သူ လူထုတစ်ရပ်လုံးနှင့်လက်တွဲကာ အကောင်းဆုံးခုခံရင်ဆိုင်သွားမည်ဖြစ်သည်။ ထို့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေသော ရန်သူ့စစ်ရေးဖိအားများကို

လျှော့ချနိုင်ရန်အတွက် လိုအပ်လျှင်လိုအပ် သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗမာအစိုးရ နှင့် ဗမာစစ်တပ်အားသိစေအပ်သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်မတော်


O:l f 610ro (e) qCJO.JE88qlm61uc9li:QrC,qJ µno1tt.1non"1J:







文章点评
下级分类
关注我们